အမြို့မြို့အနယ်နယ်သတင်းများ

May 13,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့်အတူ ကျေးရွာများ အရောက် ကွင်းဆင်း၍ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျုံရဲ့ကျေးရွာနှင့် နေ့လယ်ပိုင်းတွင် ဗိုလ်ကတော်ကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးပညာပေး ဆွေးနွေးပွဲကျင်းပကြောင်း သိရသည်။
May 13,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတ္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 13,2022
မန္တလေးအောင်မြေသာစံမြို့နယ်၊ ပုလဲငွေ ရောင်ရပ်ကွက်၊ ၈၆လမ်း၊ ၂၁× ၂၂လမ်းကြား၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  Community Centre ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဌေးအောင်း (ဌေးအောင်-မန်းတက္ကသိုလ်)၊ မြို့နယ်စာရေးဆရာအသင်းနာယကများဖြစ်ကြသော ဦးလှဘော် (မအူပင်လှဘော်)၊ ဦးကံလှ (မောင်ခိုင်ဖြိုး-ဇေယျာဦး)၊ မြို့နယ်ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်နှင့် အဖွဲ့ဝင်များ၊ ပန်းချီသင်တန်းဆင်းကျောင်းသား/သူများ တက်ရောက်ကြသည်။
May 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း ( ၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 13,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁:၀၀)နာရီက ကွန်ပျူတာတက္ကသိုလ် (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများတို့တွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မှော်ဇာအုပ်စုကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှဦးစီး၍ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နိမ်နင်းရေး အသိပညာပေးသင်တန်းပြုလုပ်ကြောင်း သိရသည်။
May 13,2022
မိတ္ထီလာမြို့နယ်တွင် ဆပ်ပြာနှင့်ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့က ဆည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။