အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌  နယ်သာလန် အာလူးမျိုး မာကီးစ် (Markies)အား စတင်စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် ပြည်ခရိုင်အတွင်းမြို့နယ်များမှ နို့စားနွားမွေးမြူထားကြသူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်မြို့ ဆည်မြောင်းရိပ်သာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူ သူများ တက်ရောက်သည်။
Oct 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ ယမန်နေ့နံနက် ၉ နာရီက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ရက်တိုသင်တန်းဖွင့်လှစ်ခဲ့သည်။
Oct 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရပ်ကွက်အတွင်းရှိ လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
Oct 31,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကြွယ်ကန်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ဆောင်ရွက်လျက်ရှိသော မြေသားရေကန် တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Oct 31,2022
“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသည့် စကားအတိုင်း နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေး၏ အခန်းကဏ္ဍသည် များစွာအရေးပါသဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာရေးဌာနမှ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်မြင့်မား လာစေရေးအတွက်
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ မုန်းသီတာကုမ္ပဏီ၏ ကန်ထရိုက်လယ်ယာမြေ ဧက(၆၀၁)ဧက၌ ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်ခန့်က ဆာဖိုးသာ မိုးစပါးစံကွက် ရိတ်သိမ်းနေမှုသို့ ကြည့်ရှုအားပေးခဲ့သည်။
Oct 30,2022
ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် ဂွမြို့နယ် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။