အမြို့မြို့အနယ်နယ်သတင်းများ

Oct 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ဈေးများမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင် သရုပ်ပြခြင်းအား ပုသိမ်မြို့၊ ရွှေပြည်သာဈေးနှင့်မြို့မစျေးခြားရှိစျေးချောင်းလမ်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Oct 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာတွင် ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စုများမှ ကျေးရွာခွဲ များသို့ တာဝန်ပေးအပ်ခြင်း အခမ်းအနားအားကျင်းပခဲ့သည်။ ဆောင်းသီးနှံ နေကြာစီမံကိန်း အခမ်းအနားသို့ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ပုသိမ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်း၊ ငွေဆောင်မြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မျိုးသန့်၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊စို က်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာခွဲတာဝန်ခံများ တက်ရောက်ကြသည်။
Oct 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ်၊ သခွပ်ပင်ကျေးရွာအုပ်စုနှင့် ကလီထော်အနောက်ကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 30,2022
မိတ္ထီလာမြို့နယ်၊ မြောက်လည်ကျေးရွာအုပ်စု၊ သရက်တန်းကျေးရွာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။
Oct 30,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဆင်ပေါင်ဝဲမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Oct 30,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်လံမြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်လံခရိုင် အောင်လံမြို့နယ် ပြလို့မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။