အမြို့မြို့အနယ်နယ်သတင်းများ

May 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့မွန်းလွှဲ ၁ နာရီအချိန် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကလောမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး(Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 13,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Youth Club အသင်းဝင် လူငယ်၊ လူရွယ်များစုပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အကြီးကိုကို (ကသာ) ရေးသားသည့် “ဖေဖေ့နှလုံးသွေးစက် (လူငယ်ဘဝ တိုးတက်အောင်မြင်ရေးလမ်းညွှန်စာစုများ” သုတစာအုပ်ဖြင့် အသိပညာ ပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြသည်။
May 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ကာနကျေးရွာ၌ SMART VALLAGE အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီခွဲက ကာနကျေးရွာ ဘုရားရှိခိုးကျောင်းတွင် တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
May 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် " လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
May 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့်သေဆုံးသူ အာမခံအလုပ်သမား၏ မိသားစုအား ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်နယ် လူမှုဖူလုံရေးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
May 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ရွှေညောင်မြို့၊ ကျောက်နီကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာနှင့် သံတဲကျေးရွာအုပ်စု၊ သံတဲကျေးရွာသို့သွားရောက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မေ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
May 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ် မဲမော်ကျေးရွာအုပ်စု၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ်စိမ်း မြေဩဇာအဖြစ် (ပိုက်ဆန်လျှော်) စိုက်ပျိုးရန်နှင့် ပညာပေးဆွေးနွေးခြင်းကို မဲမော်ကျေးရွာအုပ်စု အကျိုးဆောင်တောင်သူဦးမောင်စိုး၏ လယ်(၅) ဧကတွင် ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
May 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ် မဲမော်ကျေးရွာအုပ်စု၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ်စိမ်း မြေဩဇာအဖြစ် (ပိုက်ဆန်လျှော်) စိုက်ပျိုးရန်နှင့် ပညာပေးဆွေးနွေးခြင်းကို မဲမော်ကျေးရွာအုပ်စု အကျိုးဆောင်တောင်သူဦးမောင်စိုး၏ လယ်(၅) ဧကတွင် ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။