Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေတာရှည် မြို့နယ်ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် စနစ်တကျ စည်းကမ်းဖြင့် အမှိုက်စွန့်ခြင်း၊ မလိုအပ်သည့် ခြုံနွယ်များရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇) နာရီအချိန်မှ (၉)နာရီအထိ မြို့နယ်ပြည်သူ့ ဆေးရုံဝန်း အတွင်း၊အပြင် သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပန်းချီပညာ သင်တန်းဆင်းပွဲ ကျင်းပ
May 13,2022
အခြေခံပန်းချီပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၁၃ရက်နေ့ နေ့လည်၁၂နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့ဒေသထွက် ကြက်သွန်ဖြူများ နုတ်သိမ်းချိန် ဈေးကောင်းရရှိ
May 13,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ဒေသတွင်း အားထားစိုက်ပျိုးသည့် ကြက်သွန်ဖြူများ ဈေးကောင်း ရရှိသောကြောင့် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေကြကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူများမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ် ဟိုဂျစ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
May 13,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကကြီးကြပ် ဆောင်ရွက်နေပြီး ကာကွယ်ဆေးထိုးရက်များ သတ်မှတ်ကာ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့က ဟိုဂျစ်ကျေးရွာသို့ သွားရောက်ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
May 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ် အမှတ် (၁၂) ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) ကြိမ် (First Dose ၊ Second Dose) ထိုးနှံပြီးသည့်
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမျိုးသမီးအသင်းအား ဂုဏ်ပြုချီးမြှင့်
May 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၂ခုနှစ်၊ မေလ (၆ရက်မှ၁၁ရက်နေ့) အထိ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲတွင် (ပထမ)ဆုဖလားရရှိခဲ့သည့် တနင်္သာရီမြို့နယ်ကိုယ်စားပြုအမျိုးသမီးဘော်လီဘောအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို တနင်္သာရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အ စည်းအဝေးခန်းမတွင် မေလ ၁၂ရက်နေ့ မွန်း လွဲ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
May 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကျော့မောင်(မင်္ဂလာတောင်ညွန့်) ရေးသားသည့် ပျော်အောင်နေကိုယ့်လူရေစာအုပ်အား ယနေ့နံနက် (၁၀)နာရီခွဲက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18154
Page
18155
Page
18156
Page
18157
Current page
18158
Page
18159
Page
18160
Page
18161
Page
18162
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department