အမြို့မြို့အနယ်နယ်သတင်းများ

May 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၂) သင်တန်းတွင် သင်ခန်းစာဆန်းစစ်ခြင်း Kahoot Quiz Game ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 13,2022
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ရိုးရာလုံချည် ထုတ်လုပ်မှုမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 13,2022
အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံရှေးဦးသူနာပြု (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် စာအောင်ဆုဆက်ကပ်ပွဲအခမ်းအနားကို
May 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာမြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
May 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့အ‌နေဖြင့် ပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးနှင့် မြို့တွင်း‌ရေစီးရေလာ ကောင်းမွန်ရေးအတွက် လမ်းများ၊ ရေမြောင်း၊ Flower Boxများ၊ Box Culvertနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအား အဆင့်မြင့်တင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌ရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၃၄.၂၀၅)သန်းဖြင့် ပိုင်ကျုံမြို့အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
May 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်၌ ကလောမြို့နယ်လုံးဆိုင်ရာ (၃၃)ကြိမ်မြောက် ပိဋကတ္တယပါဒက စာမေးပွဲတော်ကြီးကို ယမန်နေ့တွင် စတင်ကျင်းပသည်။
May 13,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ဘူရားဖြူကျေးရွာအနီး ဘီလူးချောင်းအပေါ်၌ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသည့် ဘုရားဖြူဘီလူးချောင်းတံတားအမှတ်(၂)ကို ယမန်နေ့တွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ ရွာဦးကျောင်းဆရာတော်နှင့် တံတားတည်ဆောက်ရေး ကော်မတီဝင်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။