အမြို့မြို့အနယ်နယ်သတင်းများ

May 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် မြို့နယ်အဆင့် Grade-8(သင်ရိုးသစ်) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အ-ထ-က (ကျောက်တံခါး) ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 16,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ် သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍  အားကစားလှုပ်ရှားမှုပြိုင်ပွဲများ ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကမ‌မောင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 16,2022
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၀x၅၁ လမ်းကြား၊ ၁၁၆ (B) လမ်းတွင် ယနေ့နံနက် (၇) နာရီ (၄၅) မိနစ်အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းအရ အောင်ပင်လယ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးဦးစီးသော သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅) ဦးနှင့်
May 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီစိုက်ပျိုးနိုင်ရန်နှင့်လိုအပ်သော စိုက်ပျိုးစရိတ်များကို အဆင်ပြေစေရန်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးခဲ့သည်။
May 16,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 16,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် အ​ခြေခံ အလယ်တန်းအဆင့် Grade -8 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို သိန္နီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေစင်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပကြောင်း သိရသည်။
May 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက် အမှတ်(၆)အခြေခံပညာ မူလတန်းလွန်‌ကျောင်း၌ ယနေ့နံနက်၉နာရီအချိန်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
May 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၈၆)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ စတင်ထုတ်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မလိခ အဆောင်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။