အမြို့မြို့အနယ်နယ်သတင်းများ

May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်သော ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲအချိန်ကကျင်းပရာ ဧရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ပူဇော်ကြည်ညိုကြသည်။
May 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တမာချောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ ကျေးလက်နေဒေသခံတောင်သူများသည် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရင်းဖြင့် အသက်မွေးဝမ်းကျောင်း မိရိုးဖလာအလုပ်အဖြစ် လုပ်ကိုင်လျက်ရှိရာ စလင်းမြို့နယ်ပေါင်းထူး (ကွင်းအမှတ် ၅၀၀)ကွင်းတွင် စိုက်ပျိုးထားသည့် တောင်သူဦးဉာဏ်မြင့်၏ နွေနှမ်းစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
May 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌတို့၏ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် (၁၃၈၄)ခုနှစ် ကဆုန်လပြည့်နေ့အခါသမယတွင် အောင်လံမြို့နယ် ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းရှိ သံဃာတော်အရှင်သူမြတ်တို့အား မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများခတ်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
May 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကဆုန်လပြည့်နေ့၌ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ချမ်းသာကြီးပရဟိတနှင့် ကဆုန်လပြည့်ရေလှူ‌တော်အဖွဲ့မှ ရေအခက်အခဲ့ရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ သုံးရေ (၃၃၆၀၀) ဂါလံနှင့် သောက်ရေသန့် (၀.၆) (၁၂) လုံးကဒ် ၁၅၀၊ ( ၂၀) လီတာ ၂၁၀ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။