Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သံတောင်ကြီးမြို့နယ် မီးခတ်ချောင်းကျေးရွာတွင် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် သံမိုးတောင်ကျေးရွာအုပ်စု၊ မီးခတ်ချောင်းကျေးရွာတွင် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ကသာသနာ့မုခ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ရာဘာစိုက်ပျိုးလုပ်ကိုင်သူများ ယခင်နှစ်ထက် စျေးကောင်းရရှိ
Nov 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများနှင့် တောင်ယာလုပ်ကိုင်များသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များစိုက်ပျိုးလျက်ရှိရာ နှစ်ရှည်ပင်များအဖြစ်ရာဘာပင်များကိုလည်း အဓိက ထားစိုက်ပျိုးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး
Nov 02,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အ.မ.ကတနင်းသရောကျောင်း၌ ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Nov 02,2022
နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၊ အ.မ.ကတနင်းသရောကျောင်းတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများတည် ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွါး) သင်တန်းဖွင့်လှစ်
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့် ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွါး) သင်တန်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်ကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ဦးစားပေး အစီအစဥ်အတိုင်း ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခါမ်းပါတ်မြို့တွင် မိုးစပါးများ စတင်ရိတ်သိမ်းချိန် စက်ယန္တယားကြီးများ သုံးစွဲလုပ်ကိုင်လာကြ
Nov 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးများ စတင် ရိတ်သိမ်းလာကြပြီဖြစ်ပြီး ခေတ်မီ စက်ယန္တယားကြီးများ ငှားရမ်းသုံးစွဲလာကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ် (၁၅)ရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာမူလတန်းကျာင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18127
Page
18128
Page
18129
Page
18130
Current page
18131
Page
18132
Page
18133
Page
18134
Page
18135
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department