အမြို့မြို့အနယ်နယ်သတင်းများ

May 16,2022
၂၀၂၂-၂၀၂၃ အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ အချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။        
May 16,2022
ကဆုန်လပြည့် (ဗုဒ္ဓနေ့) သည် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားပြည်သူများ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သာသနိကအဆောက်အဦများတွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိရာ မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရွှေယဉ်မျှော ပြည်တော်ဧစေတီတော်ပရိဝုဏ်၌ (၇၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့် ပဲဆွမ်းလောင်းလှူပွဲတို့ကို ကျင်းပသည်။
May 16,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 16,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်(Grade-8) သင်ရိုးသစ် မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
May 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၉.၉၀၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ တနင်းဖလုံ လမ်းသွယ်(၁)လမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို မေလ ၁၅ ရက်‌နေ့ တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 16,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် အခြေခံပညာ အလယ်တန်းအဆင့် Grade-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပသည်။
May 16,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နှင့် ပုပ္ပားကြားရှိ ဆည်ပေါက်ကျေးရွာသည် သစ်ပင်ပန်းမန်အမျိုးမျိုးအား ကိုင်းဆက်နည်းပညာဖြင့် သစ်သီးပင်အမျိုးမျိုး၊ ပန်းပင်အမျိုးအား ကိုင်ဆက်ကာ ပျိုးပင်၊ ကိုင်းဆက်ပင်အမျိုးမျိုးရောင်းချပြီး စီးပွားဖြစ် လုပ်ကိုင်နေသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သစ်ပင်အမျိုးမျိုးကိုင်းကူး၊ ကိုင်းဆက်ရောင်းချနေသည့် ဦးထွန်းထွန်းထံက သိရသည်။
May 16,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ( Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉:၀၀နာရီက‌ ဒေါပုံမြို့နယ် အလက(၄) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။