Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာ၌ ရေစင်၊ မီးစက်နှင့် ရေစုပ်ပန့်များ လှူဒါန်း
May 16,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာအုပ်စု၊ ဆင်မြူးအောင် ကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နေ ဦးအောင်ဌေး+ ဒေါ်ကြည်ကြည်မြင့် သားသမီး မြေးတစ်စုမှ ရေတွင်း၊ ရေစင်၊ မီးစက်၊ မီးစက်အိမ်နှင့် ရေစုပ်ပန့် စုစုပေါင်းကုန်ကျငွေ (၂၇၅)သိန်းကျပ်ခန့် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
May 15,2022
ချောင်းသာမြို့အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေနှင့် သီလရှင်များတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၂ နာရီ ၃၀ မိနစ်အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၁၃၅၇၄၃ ဦးနှင့် ဒုတိယ အကြိမ် ထိုးနှံပြီးသူ ၈၈၃၈၉ ဦး ရှိပြီဖြစ်
May 15,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒေသခံပြည်သူများ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နေ့စဉ်ဆေးထိုးအဖွဲ့များခွဲ၍ ထိုးနှံပေးလျက်ရှိရာ မေ ၁၃ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၁၃၅၇၄၃ ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ ၈၈၃၈၉ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
May 15,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများစုပေါင်း၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များ ကိုဗစ်-၁၉ ရောဂါအခက်အခဲများကြောင့် ဆွမ်းကိစ္စဖြင့်ကြောင့်ကြ ပင်ပန်းမှုမရှိစေဘဲ ဂန္တဓုရ၊ ဝိပဿနာဓုရ သာသနာ့တာဝန်နှစ်ရပ်တို့ကို စိတ်ချမ်းမြေ့စွာ ကြိုးပမ်း ထမ်းဆောင်တော်မူနိုင်ကြစေရေးရည်ရွယ်၍ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂) နာရီခွဲက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတိုက်စား၍ ကမ်းပါးပြိုကျခြင်းကို ကျူဝါးပင်၊ ကိုင်းကြံပင်များ စိုက်ပျိုးကာကွယ်နိုင်
May 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာသည် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံလေ့ရှိပြီး ချင်းတွင်းမြစ်ရေမြင့်တက်လာကာ ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျခြင်း၊ မြစ်အတွင်း သွားလာနေကြသော ရေယာဉ်များ၏ ရေလှိုင်းများကြောင့် ကမ်းပါးပြိုကျခြင်း၊ ရာသီဥတုကြောင့်ဖြစ်ပေါ်သော ရေလှိုင်းများမှ မြစ်ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်လေ့ရှိရာ ကျူဝါးပင်နှင့် ကိုင်းကြံပင်(ခေါ်) ကြံစိမ့်ပင်များကို စိုက်ပျိုးခဲ့ခြင်းကြောင့် ယခုအခါမြစ် ကမ်းပါးပြိုကျခြင်းအန္တရာယ်မှ ကင်းဝေးနေပြီဖြစ်ကြောင်း အဆိုပါကျေးရွာက ဒေသခံတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဆုန်လပြည့်နေ ရွှေစည်းခုံစေတီရင်ပြင်၌ ပုဂံ-ညောင်ဦးမြို့ပေါ်ရှိပင့်သံဃာ (၁၀၈)ပါးအား စွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုများလောင်းလှူ…
May 15,2022
၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီရင်ပြင်ပေါ်၌ ယမန်နေ့နံနက် ၆ နာရီအချိန်တွင် ပုဂံ-ညောင်ဦးမြို့ပေါ်ရှိ ပင့်သံဃာ (၁၀၈)ပါးအား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုများလောင်းလှူပူဇော်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ သျှစ်သောင်း၊ထုက္ကံသိမ်၊အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်တွင် ပြိုင်းလောင်း(လှေလှော်) ပြိုင်ပွဲတော် ကျင်းပ
May 15,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် အထင်ကရ ဘုရားစေတီ၊ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတောတွင် ရခိုင်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲကို နေ့လယ် ၁၁ နာရီ အချိန်က အောင်တပ်ချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့၌ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
May 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်သော ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲအချိန်ကကျင်းပရာ ဧရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ပူဇော်ကြည်ညိုကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18134
Page
18135
Page
18136
Page
18137
Current page
18138
Page
18139
Page
18140
Page
18141
Page
18142
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department