အမြို့မြို့အနယ်နယ်သတင်းများ

May 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာ‌ကေတမြို့နယ် အမှတ်(၄)အ​ခြေခံပညာ အထက်တန်း​ကျောင်း၊ သံလွင်ခန်းမ၌ ယ​​နေ့နံနက်(၉:၀၀) နာရီတွင် မြို့နယ်အဆင့်(Grade-8) သင်ရိုးသစ်ဆင့်ပွား သင်တန်းအခမ်းအနားကျင်းပခဲ့သည်။
May 16,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးတိုင်းအဆင့် Grade-11 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။
May 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်  Grade 8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
May 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံအနီးရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်(Grade-8သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ဓာတ်မြေဩဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရန်၊ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကို တောင်သူများ လေ့လာသိရှိသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာရှိ တောင်သူဦးအောင်သန်း၏ လယ်မြေ (၃) ဧကပေါ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုး ထည့်သွင်းခြင်းအတွက် မျိုးစေ့ပက်ခြင်း သရုပ်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 16,2022
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နေထိုင်လျက်ရှိ‌သော ဒေသခံပြည်သူနာမကျန်းဖြစ်သူများအား တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့သည် ယမန်‌နေ့ နံနက်(၈)နာရီအ ချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ကြောင်း သိရ သည်။
May 16,2022
မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပကြောင်းသိရသည်။