အမြို့မြို့အနယ်နယ်သတင်းများ

May 16,2022
ကရင်ပြည်နည်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ ပရဝုဒ်အတွင်း၌ သဒ္ဓမ္မ‌ဇောတိကဓဇဘွဲ့‌တံဆိပ်တော်ရပိုင် ကျုံမြိုပရဟိတ-မြို့မသာသနာပြုကျောင်း ဆရာတော်ဘဒ္ဒန္တဓမ္မသိရီအား ထပ်ဆင့်ဂုဏ်ပြုပွဲ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 16,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းကို နံနက် (၉) နာရီအချိန်က ကျင်းပ‌ခဲ့ကြောင်း သိရသည်။
May 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ များအား Gread-8သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် GRADE-8 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ‌ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို လမ်းမတော်မြို့နယ်ရှိ ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့သည်။
May 16,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်အတန်းအဆင့် Grade - 11 (သင်ရိုးသစ်) ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဓမ္မဇေယျခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တက်ရောက် အမှာစကား ပြောကြားသည်။
May 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးရှိ လှိုင်ပညာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
May 16,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း ယမုံနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 16,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-8 တက်ရောက်သင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကောင်းမွန်စွာ ပြန်လည်ပို့ချသင်ကြားနိုင်စေရန်ရည်ရွယ်ကာ အခြေခံပညာ(သင်ရိုးသစ်) Grade-8 မြို့နယ်အဆင့် (Face to Face) သင်တန်းကို အ.ထ.က(၁) ကျောင်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပို့ချလျက်ရှိသည်။
May 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ များအား Gread-8သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန် စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် GRADE-8 သင်ရိုးသစ် မွမ်းမံ သင်တန်း၏ ‌ယေဘုယျ ဦးတည်ချက်များနှင့် အဓိကဦးတည် ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကမာရွတ်မြို့နယ်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်းအမှတ်(၃)၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။