အမြို့မြို့အနယ်နယ်သတင်းများ

May 17,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် (၃) နှစ်မှ (၇) နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့ နံနက်က စတင်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ များတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ချောင်းဆုံ လူမှုဝန်ထမ်းမူကြိုကျောင်းတွင်လည်းကောင်း၊ ဆေးထိုးစုရပ်အဖြစ်ထားရှိကာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရှိရသည်။
May 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြုစုနိုင်ရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းနေမှုအခြေအနေများကို ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများအဖွဲ့က ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
May 17,2022
၂၀၂၁-၂၀၂၂ခု၊ (Mini)ဘဏ္ဍာရေးနှစ်အတွက် ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်က ယနေ့နံနက်ပိုင်းတွင် အသင်းမှအသင်းသား(၁၉၉)ဦးအား ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
May 17,2022
​ပြည်သူများအ​နေဖြင့် မီးဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှုများ မရှိစေရန် ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် ယ​နေ့နံနက် ၁၁ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်မျိုးအောင်ရပ်ကွက်အတွင်း၌ တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးဆောင်ရွက် ခဲ့ကြသည်။
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ညောင်လေးပင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ
May 17,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ သမဝါယမနှင့်ကျေးလက်​ ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၃၀အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 17,2022
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။