အမြို့မြို့အနယ်နယ်သတင်းများ

May 21,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် သံလွင်မြစ်ကမ်းအနီး သဘာဝဘေးအန္တရာယ် ပေါ်ပေါက်ပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်ဆောင်ရွက်မှုကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ကြည့်ရှုခဲ့ကြောင်း သိရသည်။
May 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ နှစ်နိုင်ငံဝင်/ထွက်ပေါက် နန်းတော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား (၁၁၆) ဦး ပြန်လည်ဝင်ရောက်လာရာ ယနေ့နေ့လယ် (၁၂) နာရီအချိန်က မိမိတို့ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသည်။
May 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့  ဆိုင်းဘုတ်စိုက်ထူပွဲကို  ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
May 21,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အာကစားကွင်း၌ ယနေ့ညနေ ၄ နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၈) မြို့နယ် U-19 အမျိုးသားဘောလုံးပြိုင်ပွဲ ပြည်ဇုံ ( ၆) မြို့နယ်ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
May 21,2022
​​ရွှေဘိုမြို့နယ် သစ်​တောဦးစီးဌာနမှ​ ဒေသတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်​ပေါ်လာ​စေရန်ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခွဲက​ရွှေဘို တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ စွမ်းရည်မြင့်မားရေးသင်တန်း (၁/၂၀၂၂) ကို ယနေ့မွန်းလွဲ (၂) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 21,2022
မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် သီးနှံစိုက်ပျိုးလုပ်ကိုင်နေကြသော တောင်သူဦးကြီးများအတွက် လိုအပ်သောယူရီးယားမြေသြဇာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်တွင် အဆိုပါရုံးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
May 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက်မြို့နယ်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။