Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းပျဉ်းမြို့ နားဇရက်မူကြိုကျောင်း၏ မူကြိုကျောင်းဆင်းပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
May 21,2022
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ နားဇရက်မူကြိုကျောင်း၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ မူကြိုကျောင်းဆင်းပွဲနှင့် နွေရာသီအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီက ၎င်းမူကြိုကျောင်း၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် အများပြည်သူသုံးစွဲရန် မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင် ရောဂါ ပျောက်ဆေးရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
May 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အများပြည်သူသုံးစွဲရန် မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ရောဂါပျောက်ဆေး ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့မစျေးတွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်အတွင်း ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်
May 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင်းလမ်းဘေးဝဲ/ယာနှင့် အ.ထ.က ကျောင်းအတွင်းအပြင်တို့တွင် သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား သန့်ရှင်းခြင်းတို့ကို ယနေ့ နံနက် ၇ နာရီအချိန်ကစတင်၍ မိုင်းပန်တပ်နယ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၈၆၆ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
May 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၆၆) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၄ နာရီက သာဇီရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြို့နယ်အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်
May 21,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မေလ(၂၁) ရက်နေ့က ရန်ကုန်မြောက် ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ ကျောင်းအပ်လက်ခံနိုင်ရေးများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေးတို့အတွက် ကျောင်းတွင်းနှင့် ကျောင်းပြင် စုပေါင်းသန့်ရှင်းရေးကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄၉)ကျောင်း တို့တွင်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသော်ဝင်း မက်မန်းမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ
May 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိုင်းသော်ဝင်းသည် ဌာနဆိုင်ရာဝန်ထမ်းများအား ယမန်နေ့ညနေ ၅ နာခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
May 21,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18049
Page
18050
Page
18051
Page
18052
Current page
18053
Page
18054
Page
18055
Page
18056
Page
18057
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department