အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ညောင်ပင်ကျေးရွာတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က စက်သုံးဆီဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ ရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ(၂)နာရီက မြို့နယ်မီးသတ်တပ်ဖွဲရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Nov 04,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၊‌ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာနှင့် အိုင်ကဒုံကျေးရွာအုပ်စု၊ အိုင်ကဒုံကျေးရွာတို့တွင် ယမန်နေ့ညနေ ၆ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်ပွားခဲ့သော နေအိမ် ၃ လုံးအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို စံရွေးကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Nov 04,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.ထ.က ငါးသိုင်းချောင်းကျောင်း၏ (၇၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
Nov 04,2022
မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်တွင်ကျင်းပသည်
Nov 04,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီက သာဇီရပ်ကွက်၊ ဇေယျဝတီပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။