Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမိသားစုမှ ဆန်အိတ်များလှူဒါန်း
May 21,2022
သံဃာတော်များ မိုးတွင်းကာလတွင် ဆွမ်းကွမ်းကိစ္စ အဆင်ပြေစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဉီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုမှ ရေဉီးမြို့ မဟာဓမ္မာရုံကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောက်တော်မြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
May 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲပြုလုပ်
May 21,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 21,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေနိုင်ရန် အဆိုပါ ကျောင်းဝန်းအတွင်း ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား သီပေါတွင် ကျင်းပ
May 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှသဘာဝ ဘေးအန္တရာယ်များလျော့ပါးပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ခံစားရရှိစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မြို့ဟောင်းကျေးရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုဝင်းအတွင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ် ပြည့်သူ့ဆေးရုံဝန်း အတွင်း/အပြင်တို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥပဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးရှိ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း/အပြင် တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ကျောက်လုံးကွာကျကာ ဆေးမြစ်စုံအရောင်းဆိုင်ခန်းပေါ်သို့ ပိကျ
May 21,2022
ကျိုက်ထိုမြို့နယ်တွင် မေ(၂၀)ရက်နေ့ ည (၁၁) နာရီ (၂၀) မိနစ် ခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထိုမြို့နယ် ၊ကင်မွန်း ချောင်းကျေးရွာ၊ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီ တော်၏ အနောက် မြောက်ဘက်ကိုက် (၃၀၀)ခန့်အကွာ ကျီးပါးစပ်လှိုဏ်ဂူအနီးရှိ ဦးမင်းထိုက် (ဘ)ဦးသက်အုံး၊ ပိုင်ဆိုင်သည့် “စွမ်းထက်” ဆေးမြစ်စုံ အရောင်းဆိုင်၏အပေါ်သို့ (၁၀) ပေခန့်အကွာမှ ဗျက်(၁၀) ပေခန့်၊ ထု(၇)ပေခန့်ရှိသည့် ကျောက်လုံးမှာ မိုးရေတိုက်စားမှုကြောင့် မြေကြီးမှကွာကျကာ အလျား (၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၆)ပေခန့်ရှိ “စွမ်းထက်” ဆေးမြစ်စုံ အရောင်းဆိုင်ခန်း၏ အနောက်ဘက်ခေါင်မိုးပေါ်သို့ ပိကျခဲ့ရာ အလျား(၁၀)ပေ၊ အနံ(၁၀)ပေခန့် သွပ်မိုး၊ သွပ်ကာဆိုင်ခန်းမှာ ပျက်စီးသွားခဲ့ ပြီး ဆုံးရှုံးမှု တန်ဘိုးကျပ်(၁၀၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကာ၊ လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ အခြေခံပညာကျောင်းများအားလုံးတွင် သန့်ရှင်းသာယာလှပရေး ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18050
Page
18051
Page
18052
Page
18053
Current page
18054
Page
18055
Page
18056
Page
18057
Page
18058
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department