ဒေးဒရဲ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၉၆၉၂၀)ဦး ရှိသည့်အနက် အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၁၆၆၆၃၄)ဦး၊ ပထမအကြိမ်(Booster) အပိုဆောင်း ထိုးနှံပြီးစီးမှုအဖြစ် ပြည်သူ (၃၀၃၇၂)ဦး၊ ဒုတိယအကြိမ် (Booster) အပိုဆောင်းထိုးနှံမှုအဖြစ် (၃၀၉)ဦး ထိုးနှံပြီးစီးကြောင်း သိရပြီး အပိုထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း