အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2022
ရှမ်းပြည်နယ်​တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ(ပင်းတယ)တွင် စု​ပေါင်းမဟာဘုံက ထိန်အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ​ကြောင်း သိရသည်။
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၄:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ရော်ဘာအဖွင့်ဈေးကောင်း၍ နှစ်ရှည်သီးနှံပင် ရော်ဘာခြစ်သူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Nov 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မိုးရာသီ အေရိုးဗစ်သင်တန်း Fitness Dance သင်တန်းအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 04,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ကျင်းပပြုလုပ်သော ၃3 ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံမဟာဘုံကထိန် ယမန်နေ့နံနက် ၇နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Nov 04,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာတွင် နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တက်ရောက်ခဲ့သည်။     
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကထိန်အကြောင်း သိကောင်းစရာ (Talk Show) ကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကုသိုလ်ကောင်းမှုဆောင်ရွက်ခြင်း၊ အားကစားပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲကျင်းပခြင်းများကို ယ​နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။