ဖလမ်း နိုဝင်ဘာ ၄
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉၃၀ နာရီက ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ ဗဟိုသာသနာပြုကျောင်းတိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်ကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဆရာတော် ဦးပညာဇောတ (B.A)(Buddhism) ထံမှ ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားဒေသနာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ် တို့က ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော် ဦးပညာဇောတ (B.A)(Buddisim)ထံမှ ဝမ်းမြောက်အနုမောဒနာ တရားနာကြားတော်မူကြပြီးနောက် လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်