မိုးညှင်းမြို့နယ် ညောင်ပင်ကျေးရွာတွင် စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်ပွား

မိုးညှင်း နို၀င်ဘာ ၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ညောင်ပင်ကျေးရွာတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က စက်သုံးဆီဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ညောင်ပင်ကျေးရွာရှိ ဦးအောင်အောင်၊ အသက်(၄၀)နှစ်၊ (ဘ)ဦးတင်ရွှေ ပိုင်ဆိုင်သော ဆန်းလိုက်စက်သုံးဆီဆိုင်ဝင်းအတွင်း စက်သုံးဆီပီပါများအား လွှဲပြောင်းထည့်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှ ၎င်းခြံဝင်းတွင် ရပ်တန့်ထားရှိသည့် NISSAN အမျိုးအစား ၁၂ ဘီးယာဉ် 8J/--- နှင့် လူနေအိမ်အား အနည်းငယ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် နန့်မွန်းမြို့ နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အင်းတော်ကြီးမြို့ နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးနှင့် လွဲမွန်ကျေးရွာအုပ်စု နန့်ပတဲကျေးရွာရှိ နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် (၃)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၁)နာရီခွဲတွင် မီးညွှန့်ကျိုးခဲ့ပြီး မွန်းလွဲ(၂)နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် NISSAN အမျိုးအစား ၁၂ဘီးယာဉ် (၁)စီး၊ ဒီဇယ်ပီပါ (၁၅)လုံးနှင့် လူနေအိမ် ပေ(၄၀×၂၀)ရှိ အုတ်ညှပ်သွပ်မိုးမြေစိုက်ဂိုဒေါင် (၁)လုံး မီးလောင်ဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိပါကြောင်း  သိရသည်။

ရွှေမိုးညှင်း