Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မရမ်းကုန်းမြို့နယ်၌ အသက်၅နှစ်မှအသက်၁၂နှစ်အထိ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ် ထ…
Jul 28,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးသင်ပညာရေးကျောင်းများဖြစ်သည့် ပိတောက်ရွှေဝါကျောင်းနှင့် ပညာသိပ္ပံကျောင်းများ ရှိအသက် (၅) နှစ်မှ (၁၂) နှစ်ထိသံဃာတော်များ၊သီလရှင်များ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယမန်နေ့ နံနက် ၁၀ နာရီကကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ဒုတိယအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်ရှိ ဒေသခံပြည်သူများအား မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဒေသဝက်များ ဖြန့်ဖြူးပေး
Jul 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ဒေသဝက်ဖြန့်ပေးခြင်းကို ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စုရှိ ဝမ်မိုင်မိုင်းလုံး ကျေးရွာမှ အိမ်ထောင်စု(၁၀)စုအား ဒေသဝက်များ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းများအား ကွန်ပျုတာထဲသို့ ရိုက်သွင်းခြင်းနှင့် Software သွင်းခြင်းများဆောင်ရွက်
Jul 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း၏ (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦး စီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲဆေ…
Jul 28,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အချင်းချင်း အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာတွင် အသက်(၅)နှစ်မှ (၁၈)နှစ်ထိ ကျောင်းသား/သူ(၁၃၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးန…
Jul 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာကျောင်းသား/သူများအားကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ကွီးလေး ကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၈)နှစ်အထိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်
Jul 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် အုတ်လှေကားကျေးရွာသို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း
Jul 28,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ခွေးပြုတ်ကျေးရွာ၊ အုတ်လှေကားကျေးရွာသို့ ယနေ့ နံနက် ၉နာရီအချိန်က ရန်ကုန်မြို့၊ ဝေမျှခြင်းပရဟိတအဖွဲ့က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jul 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်၊ မြို့သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်၊ မိုးရေတိုက်စား၍လမ်းများပျက်စီးမှုမရှိစေရန် ရည်ရွယ်၍ လိပ်သိုမြို့တွင်းရှိ လိုအပ်သောနေရာများတွင် လုပ်ငန်းပမာဏ ၂(၈၅၀ ပေ × ၁.၆ ပေ × ၂ ပေ) ရှိ အုပ်စီရေမြောင်း တူးဖော်တည်ဆောက်ရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ရေစီးရေလာကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17735
Page
17736
Page
17737
Page
17738
Current page
17739
Page
17740
Page
17741
Page
17742
Page
17743
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department