အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2022
(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Nov 15,2022
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူလေးများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာပေမှအသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီအချိန် က သိုက်တူးကန်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်း၌ ကျင်းပခဲ့သည်။
Nov 15,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
(၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ နိုဝင်ဘာ ၁၇ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁၂နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျောင်းသားကျောင်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 15,2022
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)တွင် ယနေ့ နံနက် (၉)နာရီက ထက်၊ လယ်၊ မူမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့် ပြုလုပ်ခဲ့သည်။
Nov 15,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်  စာအုပ်စာစောင်ပြပွဲကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2022
အခြေခံကွန်ပျူတာအသုံးချ သင်တန်းအပတ်စဉ် (၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။