အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် အခြေခံပညာကျောင်းများ၌ (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 15,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေး၊ နေ့ထူးနေ့မြတ်များသိရှိစေရေးနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများသိရှိစေရန်ရည်ရွယ်ယ်၍ ယနေ့နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာ‌စောင်ပြပွဲများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆရ်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူမြို့ အမှတ်(၂)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပျော်ရွှင်ဖွယ်ကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၊ သဇင် ဆောင်ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က (၁၀၂) မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ ဆရာ/ဆရာများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း (လက်ပန်ရပ်)တွင် ကျင်းပခဲ့သည်။
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး ​​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကိုယ​နေ့ နံနက် (၁၀)နာရီချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်း​ကျောင်း ​ရွှေရတုခန်းမတွင် ကျင်းပခဲ့​​ကြောင်း သိရသည်။