မိုးမိတ်မြို့တွင် (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မိုးမိတ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် အခြေခံပညာကျောင်းများ၌ (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက်  အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပူစီပေါင်းခွဲပြိုင်ပွဲ၊ ဂုန်နီအိပ်စွတ်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)