Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သပိတ်ကျင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 15,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ၁၃၄၈- ခှနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ သပိတ်ကျင်းမြို့ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းစစ်ဆေး…
Nov 15,2022
ကချင်ပြည်နယ်အတွင်း သန့်ရှင်းရေးစိမ်းလမ်းစိုပြေသော ကျောင်းများ (Clean and Green School) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသောကျောင်းဆု (Clean and Green School Award) ချီးမြှင့်နိုင်ရေးအတွက် သန့်ရှင်း၍ စိမ်းလမ်းစိုပြေသော ကျောင်းများ အကောင်အထည် ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများသို့ တာဝန်ရှိသူများ နှင့်အတူ သွားရောက် ကွင်းဆင်းစစ်ဆေးကာ ပန်းအလှပင်နှင့် ပျိုးပင်များ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Nov 15,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာ သောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း Mask Campaign ဆောင်ရွက်
Nov 15,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံ၊ လမ်းမများတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေ…
Nov 15,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက မုံရွာမြို့ ပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပပြုလုပ်သော ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အ.မ.ကမြန်မာစုကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Nov 15,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်တက်ကြွစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အ.မ.က မြန်မာစုကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟေ ာပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်ရုံး၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသဆောင်ရွက်
Nov 15,2022
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ်အကြို အသိပညာပေး Talk Show ဆောင်ရွက်
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်အမှတ်အကြို အသိပညာပေး Talk Show ကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17733
Page
17734
Page
17735
Page
17736
Current page
17737
Page
17738
Page
17739
Page
17740
Page
17741
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department