အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်(၁၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Nov 15,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့မွန်းလွဲ(၁)နာရီအချိန်က စာအုပ်စာစောင်ပြပွဲကိုခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Nov 15,2022
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ရောက်ရှိမည့် (၁၀၂)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦး မြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင်ကျင်းပခဲ့သည်။
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ခရိုင်အဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ(နေကြာ) အဖွဲ့ဝင်များနှင့် တောင်သူများ တွေ့ဆုံခြင်းကို ယနေ့နံနက် ၈:၃၀အချိန်က နန်းတော်ကုန်းကျေးရွာ စံပြစိုက်ကွက်တွင် တွေ့ဆုံခဲ့သည်။
Nov 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၁၃) အကွက်အမှတ်(၂၀၉၉)ရှိ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးထားသည့် တောင်သူနည်းပညာပေး ပေါ်ဆန်းရင်မျိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ညနေ (၄)နာရီအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများ၊ ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
Nov 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပခဲ့သည်။
Nov 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။