အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့်ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၁)ရပ်ကွက်၊ မြသီတာအိမ်ယာ၊ Teacher Thuzar ကိုယ်ပိုင် ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 19,2022
မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်(IOM)တို့ပူးပေါင်း ၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းရပ် အရှေ့ကျေးရွာ၊ ခန်းမတွင်တီဘီရောဂါလူနာရှာဖွေရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန် နေ့ နံနက်(၉)နာရီက၊ ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာနအထူးကု ဆရာဝန်ကြီး ဒေါက်တာထွန်းဦး ဦးဆောင်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ကျန်းမာ ရေးဝန်ထမ်းများက အခမဲ့ကွင်းဆင်းကုသခဲ့ကြသည်။
Nov 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ဖက်ကုန်းကျေးရွာ သုခကာရီသာသနာ့ဗိမာန်၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 19,2022
 ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က တောင်သူဓါတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 19,2022
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအသက်အိုးအိမ်ဆုံးရှုံးမှုအခြေအနေမဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေး ဆွေးနွေးပွဲ (Talk Show) ကိုပြုလုပ်သည်။
Nov 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်နောက်ကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၁-ခ) ဟိုတင့်ရွာအရှေ့မြောက်ကွင်း ၊ ဦးပိုင်အမှတ် (၄), ဧရိယာ (၀.၆၈)ဧက ရှိ တောင်သူ ဦးတမက်၏ ဧည့်မထအထွက်ကောင်းစိုက်ပျိုး သောလယ်ကွက်တွင် စုပေါင်းရိတ်သိမ်းရာ စပါးအခြောက်ထွက်နှုန်း တစ်ဧက (၅၈.၄၈) တင်း ထွက်ရှိကြောင်းသိရသည်။