ဒေးဒရဲ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် (၈) နာရီအချိန်က ဒေးဒရဲမြို့နယ်၊ မြင်းကကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်အား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာန ဒေးဒရဲမြို့နယ် တာဝန်ခံ တောအုပ်ဦးဇော်မျိုးထက်နှင့် ကျေးရွာသူ၊ ကျေးရွာသားများက ပျိုးပင်များအား တပျော်တပါး စနစ်တကျစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထား သိရှိနိုင်စေရန် ရည်ရွယ်၍ စုစုပေါင်း မန်ဂျန်ရှားပင် (၃၄၈)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အေဇာလင်း