ငပု​တောမြို့​နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုး​ဆော်

ငပု​တော ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာသိပညာပေး နှိုး​ဆော်ခြင်းကို ယမန်​နေ့ ည​နေပိုင်းက ငပု​တောမြို့​ပေါ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ အသိပညာ​ပေးနှိုး​ဆော်ရာတွင် ယခုအချိန်သည် ​သွေးလွန်တုပ်​ကွေး​ရောဂါဖြစ်ပွားမှု များပြား​နေလျှက်ရှိရာ က​လေးငယ်များတွင် ​သွေးလွန်တုပ်​ကွေး​ရောဂါ​ကြောင့်အသက်ဆုံးရှုံး မှုများ ဖြစ်​ပေါ်​နေလျက်ရှိသည့်အတွက်​ ပြည်သူများအ​နေဖြင့် ခြင်များ​ပေါက်ပွားမှု မရှိ​စေရန် မိမိတို့​နေအိမ်များတွင် သုံးစွဲလျှက်ရှိ​သော ​ရေစည်၊ ​ရေအိုး ၊ ​ရေကန်များအား ဖုံး၊ သွန် ၊ လဲ စစ် ​ဆောင်ရွက်ခြင်း အဘိတ်​ဆေးခတ်ခြင်းများနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်​သော ရေလှောင်ကန်များနှင့် ရေအိုးများအား အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်​သော နေရာများအား ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေ၀င်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ ဘုရားပန်းအိုး စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများအ​နေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် အသိပညာပေးနှိုး​ဆော်မှုများကို မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ဝန်ထမ်းများက ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)