သဲကုန်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကျပ်(၂၆၇၄)သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့က လိန်တန်းအုပ်စု၊ ရဲ့ရဲ့ကန်အုပ်စုရှိတောင်သူ(၁၀၈)ဦး၊ လယ်ဧက(၅၆၉)ဧကအတွက် ကျပ်သိန်း(၈၉၄)သိန်းထုတ်ချေးပေးခဲ့ပြီး ယနေ့အထိကျေးရွာအုပ်စု(၅)အုပ်စု၊ တောင်သူဦးရေ ၃၁၂ ဦး၊ လယ်ဧက ၁၇၈၂ ဧကအတွက် ကျပ်သိန်း(၂၆၇၃)သိန်းထုတ်ချေးပြီးကြောင်း သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဒေါ်ခင်မြတ်ဆွေထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)