အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ပုသိမ်မြို့ရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)နှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းများ၌ ယမန်နေ့နံနက် ၈နာရီတွင် စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် World Vision Einme မှ ၎င်းတို့အဖွဲ့ အစည်း၏ စီမံချက်၊ မျှော်မှန်းချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်  မြို့နယ်ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျောင်းသား/သူများ၏ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်ရှိစေရန်ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Nov 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ပြည်နယ်အတွင်းရှိ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမ ၁၈၀ ဦးခန့် တက်ရောက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် ခဲ့သည်။
Nov 20,2022
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ  ယမန်နေ့နံနက် ၉နာရီအချိန်ခန့်က  လမ်းမတော် မြို့နယ်၊ ‌မော်တင်ယာယီဈေးရပ်ကွက်
Nov 20,2022
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသည့်ပြည်သူများအား အထောက်အကူဖြစ်စေရန် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ပထမအကြိမ် ရောင်းချပေးပြီး ဖြစ်ရာ ယမန်နေ့ နံနက်(၉:၀၀)နာရီ၌ ၇/ အနောက်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စားဝတ်နေရေး အခက်အခဲရှိသည့် ပြည်သူများအား ဆက်လက် ရောင်းချပေးခဲ့သည်။
Nov 20,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယမန်နေ့ နံနက် ၉ နာရီက မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာအုပ်စုတွင် နေအိမ် (၁၅) လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။