ပုသိမ်ကြီး ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံမှ တောင်သူများ ရာသီအလိုက် စပါးနှင့် အခြားသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေ ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး (၆၈၀၅၈)ဧကနှင့် အခြားသီးနှံ (၁၁၆၂)ဧကအား အောင်ရေ ပေးဝေပြီးဖြစ်သည်။
ယခုနှစ် မိုးရာသီ မိုးစပါးနှင့် အခြားသီးနှံများအား တောင်သူကြီးများ အောင်မြင်ဖြစ်ထွန်းသည့် သီးနှံကောင်းများရရှိ၍ အချိန်မှီစိုက်ပျိုးနိုင်ရန်အတွက် ရေပေးဝေမည့် အစီအစဉ်၊ ရေလှည့်ဇယားများဖြင့် ၁၈.၆.၂၀၂၂ ရက်မှ စတင်ကာ ရေပေးဝေသွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးမြို့မှ သိရသည်။
အဆိုပါရေလှောင်တမံမှာ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ်များရှိ ဆည်ရေအသုံးပြုကာ စိုက်ပျိုးသည့်တောင်သူများအတွက် အဓိကအားထားရသည့် ဆည်တော်ကြီး ရေလှောင်တမံကြီးပင်ဖြစ်သည်။ ၂၀၂၂-၂၀၂၃ခုနှစ် ယခုမိုးစပါးစိုက်ပျိုးချိန်တွင် လျာထားစိုက်ပျိုးဧက (၇၄၃၉၄)အား ရေပေးဝေမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်