အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝစေရန်၊ တီထွင်ကြံဆမှု စွမ်းရည်များ ဖွံ့ဖြိုးစေရန်၊သင်္ချာကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Nov 20,2022
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၁၈)ရက်နေ့ နံနက် ၉ နာရီအချိန်က နန်းယွန်းမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ ဝန်ထမ်းများက မင်းဘူးကျေးရွာအုပ်စု၊ ကော်သရွဲရွာတွင် ယာစပါးစံပြကွက်များ ရိတ်သိမ်းမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 20,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် အထက(၁)ကျောင်းနှင့် အထက-နောင်ကိုင်တော်ကျောင်းတို့၌ ကျင်းပခဲ့သည်။
Nov 19,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ အခြေခံပညာမူလတန်းနှင့် အလယ် တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်အန္တရာယ်နှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ GY SEN Myanmar စက်ရုံအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2022
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့မဈေးအတွင်း ပွင့်လင်းရာသီ မီးဘေအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ စစ်ဆေးခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။