ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစံကွက်ရိတ်သိမ်း

ညောင်ဦး  ဒီဇင်ဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ၌ မိုးစပါး ၁၅၂၁ ဧကကို ဆင်းသုခ၊ မနောသုခနှင့်ဧရာမင်းမျိုး(၃)မျိုးဖြင့် စိုက်ပျိုးခဲ့ကြောင်းသိရပြီး ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီခွဲအချိန် မိုးစပါးဧရာမင်း(၆.၆)ပေ စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မိုးစပါးရိတ်သိမ်းချိန်ဖြစ်၍ ညောင်ဦးမြို့နယ်အနေဖြင့် မြို့နယ်ကိုယ်စားပြုအထွက်နှုန်း သတ်မှတ်နိုင်ရန်အတွက်ကောင်း၊ သင့်၊ ညံ့(၆၆)ပေကွက် ရိတ်သိမ်းနိုင်ရန် ကျောက်ကူးမြစ်ရေတင်ရှိ ဧရာမင်းစိုက်ဧက(၁၅၁.၀၀)ဧကအပေါ်တွင် အထွက်နှုန်းသိရှိနိုင်ရေးအတွက် ကွင်းအမှတ်(၁၄၄၆)ရှိ တောင်သူ(၈)ဦး၏ မိုးစပါး(ဧရာမင်း)စိုက်ကွင်းတွင် (၆.၆)ပေကိုယ်စားပြု(၈)ကွက် စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍စံကွက်ရိတ် သိမ်းခဲ့ရာတွင် ဧရာမင်း(၁)ဧကပျှမ်းမျှအထွက်( ၈၅.၀၀)နှုန်းထွက်ရှိခဲ့ကြောင်းသိရပြီး ကျောက်ကူးမြစ်ရေတင်ဖြင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီသီးနှံ မိုးစပါး(၁၅၁)ဧကနှင့် အခြားသီးနှံ(၈၄)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် ကျောက်ကူးလျှပ်စစ်မြစ်ရေတင်တာဝန်ခံ ဦးလှမင်းထက်ကပြောကြား၍သိရသည်။

ကိုကြေးမုံ