မြောင်းမြ ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ် (၃) နာရီက မြို့မအားကစားကွင်းတွင် ကွင်းဖွင့်ပွဲ ပထမပွဲစဉ်ကို စတင်ကျင်းပပြုလုပ်ခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကို ဌာနပေါင်းစုံမှ အသင်း ၁၀ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အသင်း များကို အုပ်စု ၄ စုဖြင့် ခွဲခြားယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ကွင်းဖွင့်ပွဲ အုပ်စု ပထမပွဲစဉ်ကို ပညာရေးဒီဂရီကောလိပ်နှင့် မီးသတ်ဦးစီးဌာနတို့ ယှဉ္ပြိုင်ကစားကြရာ မီးသတ်ဦးစီးဌာနက ၃ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲသို့ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦဂစန်းဌေးက တက်ရောက်အမှာစကား ပြောကြားပြီး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင်ပြန်/ဆက် (မြောင်းမြ)