မောက်မယ်မြို့နယ်၌ စာဖတ်ဝိုင်းနှင့် စာအုပ်လှူဒါန်းပွဲ၊ ပြပွဲများကျင်းပ

မောက်မယ် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ် လူရွယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ရရှိစေရန်၊ စာအုပ် စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်“ သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ ၂၀၂၂ ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Comm unity Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာပေချစ်မြတ်နိုးသူများနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များတို့က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက နေ့တစ်နေ့ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းစေရန်၊ ယနေ့လုပ်ဆောင်ရမည့်တာဝန်များကို တာဝန်ယူလိုစိတ်အပြည့်ဖြင့် လုပ်ဆောင်နိုင်ကြရန်နှင့် စာပေမှအသိပညာဗဟုသုတများရရှိစေရန် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုး စိတ်များကိန်း အောင်း နေစေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ရခြင်းကိုပြောကြားပြီး ဒေါ်ခင်ယုဝေက “မြန်မာ့ရာဇဝင်တွင် ထင်ရှားသောပုဂ္ဂိုလ်အချို့၏ အခြားအမည်များနှင့်မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသများ” အကြောင်းကိုလည်းကောင်း၊ ဒေါ်ချောစုမာက “ဇီကာဗိုင်းရပ်စ်ရောဂါ” အကြောင်းကိုလည်းကောင်း၊ ဒေါ်ခင်မမက“ကုလသမဂ္ဂ၏ထောင်စုနှစ်ရည်မှန်းချက်” အကြောင်းအရာများကို တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ပြီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌက မြို့နယ်ပြည်သူ့ စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များ လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို စာပေချစ်မြတ်နိုးသူများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များတို့က စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)