ချောင်းဆုံ ဒီဇင်ဘာ ၂၅
၂၀၂၃ ခုနှစ်တွင် ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးစီမံချက်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ငှက်ဖျားရောဂါအဖြစ်များသည့် ကျေးရွာနှင့် ဖြစ်နိုင်ခြေရှိသည့် ကျေးရွာများ အားကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင်အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က ကျေးရွာအသီးသီးရှိ ကျန်းမာရေးဌာန/ဌာနခွဲများတွင် ပြည်သူများအား ဆေးစိမ်ခြင်ထေင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆေးစိမ်ခြင်ထောင်ဖြန့်ဝေရာတွင် (တကူကနာ၊ စော်ကဲ၊ ကရင်ဝင်းစိန်၊ နှီးမုတ်၊ကလော့၊ ကတောင်စိန်၊ ကညှော်၊ ရွာလွတ်၊ ကမာမို၊ မုဒွန်း၊ တော်ကနာ၊ ကုလားဘီ၊ ကုလားတို့၊ ဘိုးနက်၊ မရမ်း၊ ကွမ်သဲ၊ သက္ကော)စသည့် ငှက်ဖျားရောဂါအဖြစ်များသည့် ကျေးရွာနှင့် ဖြစ်ပွားနိုင်ခြေရှိသည့် တောင်ခြေ၊ ခြံတန်းနှင့် ဆက်စပ်သည့် ကျေးရွာများအား ဖြန့်ဝေပေးခဲ့ကြောင်း၊ ပျမ်းမျှအားဖြင့် အိမ်ထောင်စုဝင်လူဦး ရေ(၂)ဦးလျှင် ခြင်ထောင်(၁)လုံးနှုန်းဖြင့် အသေးစိတ်ခြင်ထောင်(၇၈၄၃၂)လုံးအားဖြန့်ဝေပေးခဲ့သည်။
ချောင်းဆုံ(ပြန်/ဆက်)