နတ်မောက် ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က ယုန်နှစ်ကောင်ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြိုင်ပွဲဝင်အားကစားသမားများမှ နိုင်ငံတော်အလံအလေး ပြုခြင်း၊ အားကစား သမားများကအားကစား သစ္စာဓိဠာန် ရွတ်ဆိုခြင်းပြုလုပ်ခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင် အားကစားသမားများအား အသင်းအလိုက်အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ဖူဆယ်အားကစားပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့ရာ မြို့နယ်လျှပ်စစ်ဌာန အသင်းနှင့် မြို့နယ်လ.ဝ.က အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။၂၀၂၂-၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲကို အသင်း(၇)သင်းဖြင့် ဒီဇင်ဘာ(၂၄)ရက်နေ့မှ ဇန်နဝါရီ (၄)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
လှဝင်း