ရေနံချောင်းမြို့နယ် လူထုအခြေပြဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း(၃/၂၀၂၂) အခမဲ့ဖွင့် လှစ်မည်

ရေနံချောင်း ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ ပူပေါင်းကာ လူငယ်လူရွယ်များ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း(/၂၀၂၂) သင်တန်းကို မြို့နယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အခမဲ့စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ ၌ ပြုလုပ်ရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားသင်တန်းသူများ အဆင်ပြေ ချောမွေ့စွာ တက်ရောက်နိုင်ရန်အတွက် ဆောင်ရွက်ထားသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများက သင်တန်းစည်းကမ်းချက်များ၊ သင်တန်းအချိန်များနှင့် ကြိုတင်စာရင်းပေးသွင်းထားများကို ကွန်ပျူ တာအလုံးရေနှင့် ကိုက်ညီစေရန် လူဦးရေကန့်သတ်ခြင်းတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သင်တန်းတက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းထားသူများ တက်ရောက်ခဲ့ ကြသည်။

အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ သင်တန်းကာလ တစ်လကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် Microsoft Word Excel Power Point Pagemaker စသည့်ရုံးလုပ်ငန်းသုံးအခြေခံကွန်ပျူတာအသုံးပြုနည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)