ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိမြင့်မားရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် စိတ်ဓာတ်ခွန်အားစကား (၅၀)စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက စိတ်ဓာတ်ခွန်အား စကား(၅၀)စာအုပ် စာဖတ်ဝိုင်းဆွေးနွေးခြင်းဖြင့် ယနေ့လူငယ်များတွေ့ကြုံနေရသည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အခက်အခဲများ ဖြေရှင်းရာတွင် များစွာအထောက်အကူရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ၊ စာရေးဆရာမောင်ခိုင်ကျော်(ကျောက်ဆည်)က ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါ၊ အမှိုက်ကင်းပါစေ၊ ကျေးဇူးရှင်တွေပါ၊ ဆုပ်ကိုင်မထားပါနဲ့၊ လက်တွေ့ဆန်ပါ၊ ပုံကြီးချဲ့ တတ်ပါစေ၊ အခြေခံကြတဲ့အချက်ကို အရင်ကျင့်ပါ၊ လမ်းချော်ခြင်း၊ အသေးအမွှားလေးက စတာပါ၊ ကျေနပ်တာတွေ တွေးနေပါ၊ ဝါသနာပါတာကို ဦးစားပေးပါ၊ စိတ်ဓာတ်မကျပါနဲ့၊ ပေါ့ပါးပါစေ၊ ကိုယ်အပေါ်မှာပဲ မူတည်တယ်၊ အထင်မလွဲပါနဲ့ စသည့် စိတ်ဓာတ်ခွန်အားစကား (၅၀)စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး စာရေးဆရာမ သီတဂူ(ကျောက်ဆည်)က ဘဝမပျက်စေနဲ့၊ ကိုယ့်ကိုယ်ကိုယ်မြင်ပါစေ၊ ဖြစ်နိုင်တာကို မျှော်လင့်ပါ၊ ခေါင်းရှင်းပါစေ၊ နှလုံးသွင်းမှန်ပါစေ၊ အလုပ်လုပ်ခြင်းဖြင့် ကုသပါ၊ စိတ်ဓာတ် ကျတဲ့လူအများစုမှာ တွေ့ရတတ်တဲ့ အချက်(၅)ချက်၊ အဓိကျတဲ့အချက်တွေသိပါစေ၊ ဘာကြောင့် သူတို့အောင်မြင်ကြသလဲ၊ လက်တွေ့လုပ်ပါ၊ အောင်မြင်ကြီးပွားချင်တဲ့ လူငယ်တွေအတွက် အချက်(၅) ချက်၊ ကိုယ့်ကိုယ်ကိုယ်သာ တွေ့အောင်ရှာ၊ အိပ်ယာကထလော့၊ စေတနာနဲ့ကျွမ်းကျင်မှု ပေါင်းစပ်ပါ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ စာဖတ်ဝိုင်းသို့တက်ရောက်သူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး