ကျောက်တံခါး ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေစာရင်းမှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းတွင် ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်သန်းလှိုင်တို့က မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နည်းပြအဖွဲ့ဝင်များကသင်တန်းသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ များမှအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများအား မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေ တစ်ခုချင်းစီအား မှန်ကန်သောစာရင်းရရှိရေးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်း လမ်းညွှန်ချက်များအား ဟောပြောဆွေးနွေး ပို့ချခဲ့သည်။
ကျောက်တံခါးမြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ရပ်ကွက်/ကျေးရွာအုပ်စုကြီးကြပ်မှုကော်မတီမှ ဦးဆောင် ၍ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက် ယူရေးအဖွဲ့ သင်တန်းသား (၂၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)