ပခုက္ကူ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းလှိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား၏အရေးပါပုံများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များက ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ပခုက္ကူမြို့၊ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ(၃၄၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UIDကတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)