အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2026
သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို ဇန်နဝါရီ (၃၀) ရက်နံနက်တွင် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်ကြီးများက အနေကဇာတင်တော်မူကြပြီး အသံမစဲမဟာပဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ကျင်းပမည်ဖြစ်သည်။
Jan 28,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ခရမ်း၊ ရုံပတီ၊ ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း စသည့်ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးလာကြောင်းသိရှိရပြီး အင်းကုန်းကျေးရွာ၌ စိုက်ပျိုးထားသော ခရမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
Jan 28,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။
Jan 28,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ငယ်ရွယ်စဉ်မှအစပြု၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Jan 28,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်  ခမောက်ကြီးမြို့ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၁၀နာရီက ပြုလုပ်သည်။
Jan 28,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့ဟောင်းအရှေ့အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
Jan 28,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာ အထောက်အပံ့ရှိစေရေး ဇန်နဝါရီ ၂၇ ရက်က ကျေးရွာသုံးရွာနှင့် ရပ်ကွက်တစ်ခုတွင် ပြည်သူများအားဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားသုံးဆီနှစ်ပိဿာနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးကြောင်းသိရသည်။