မိုင်းဖြတ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၁ ရက်၊ နံနက် ၇ နာရီခွဲက ဝမ်လုံးကျေးရွာအုပ်စုရှိ နယ်မြေခံတပ်အတွင်း ပျိုးပင်ပေါင်း(၈၀၀)ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ရှေးဦးစွာ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးမိုးကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကို စိုက်ပျိုးမည့်သစ်ပင်များကို ပေးအပ်ခဲ့သည်။ ထို့နောက် စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကျွန်း(၂၀၀)ပင်၊ မဲဇလီ(၂၀၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ ယမနေ(၁၀၀)ပင်၊ ပန်းမဲဇလီ(၅၀)ပင်၊ စိန်ပန်းနီ(၂၀)ပင်၊ ခရေ(၂၀)ပင်၊ ငုစပ် (၂၀)ပင်စုစုပေါင်း ပျိုးပင်(၈၁၀)ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)