အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2022
၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် အမျိုးသမီးရေးရာအဖွဲ့တို့စုပေါင်းကာ လင်းခေးမြို့၊ ကျက်သရေဆောင် သမိုင်းဝင်မဟာမြတ်မုနိဘုရားကြီးကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေးအတွက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက် ခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 04,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီက တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး(Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ်သည့် ဆောင်းရာသီ အားကစားအခြေခံသင်တန်း၌ တိုက်ကွမ်ဒိုအားကစားနည်းနှင့် ဘော်လီဘောအားကစားနည်းများကို ယနေ့နံနက်(၇:၀၀)နာရီ၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။
Nov 04,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်​စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဥ်ကွင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
Nov 04,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယမန်နေ့မွန်းလွဲ (၂) နာရီအချိန် ကကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     
Nov 04,2022
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ် ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။