အမ်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်း  ဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

အမ်း  နိုဝင်ဘာ ၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်​စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လေယာဥ်ကွင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီး ကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ​၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အခြေခံလူဦးရေစာရင်းအား မြေပြင်၌မှန်ကန်​စေရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ်တက်တစ်အိမ်ဆင်းကွင်ဆင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း