မြို့သစ် နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၁)နာရီက တန်ဆောင်မုန်းလပြည့်နေ့အကြောင်း အသိပညာပေး(Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး(TalkShow)ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီးဘုရားရှင်သည် တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သာမညဖလ၏ အဓိပ္ပာယ်မှာရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ်ရကြောင်း၊ ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟုခေါ်ဆိုလျှင်လည်းရနိုင်ကြောင်း၊ ကထိန်ခင်းခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးခဲ့သည်။
ထို့နောက် (စာထောက်-၃)ဒေါ်နွယ်နွယ်အေးက မြန်မာ့ရိုးရာပွဲတော်များအနက်တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသည့်ပွဲတော်များသည် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ခြင်း၊ မဲဇလီဖူးသုပ်ဝေငှခြင်း၊ ကျီးမနိုးပွဲ၊ သာမညဖလအခါတော်နေ့ပွဲတော်များဟူ၍ရှိကြောင်း၊ တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟုဆိုလျှင် လည်းရနိုင်သည်ဟု အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)