တောင်သာ နိုဝင်ဘာ ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယမန်နေ့မွန်းလွဲ (၂) နာရီအချိန် ကကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်တဲ့အတွက်ကြောင့် ယခုလို မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်းဖြစ်ပါကြောင်းနှင့် ပြည်သူများ သိသင့် သိထိုက်သည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တောင်သာမြို့နယ် ဦးစီးအရာရှိ ဦးကျော်စွာက မီးဘေးနှင့်သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တောင်သာမြို့နယ် ဦးစီးအရာရှိ ဦးကျော်စွာက ဆွေးနွေးရာတွင် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မီးလောင်နေစဉ်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့်ပုံစံနှင့် မီးငြိမ်းသတ်ရန် နည်းလမ်းများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင် (တောင်သာ)