မိုင်းခုတ်မြို့၌ ထွေ/အုပ်၊ လမ်းဦးစီး၊ စိုက်ပျိုးရေး၊ စည်ပင်၊ စာတိုက်ဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းခုတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် စာတိုက်ရုံးဝန်ထမ်းမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ ဝမ်ကောင်းကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူ ဦးဆောင်သော အလှူရှင်အပေါင်းနှင့် ဧည့်ပရိသတ်အပေါင်းက  ဩကာသကန်တော့ကျိုးဖြင့် ကန်တော့၍ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလနှင့်ပရိတ်တရားတော်များ နာယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ကထိန်အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)